အလွမ်းဆုလေး ပေးသနားပါ

posted under by နယုန်ထွန်း
မညာချင်ပေမယ့် ...
အမှန်အတိုင်းပြောဖို့ …
အခြေအနေတွေမှ မပေးခဲ့တော့လည်း …
မရိုးသားပေမယ့်…
ဆန်းပြားခွင့်လည်း မရခဲ့ရင် ...
မချစ်ရင်တောင်မှ မမုန်းလိုက်ပါနဲ့ ...
ပြိုင်ပွဲတိုင်း ရှုံးနိမ့်နေသူ…
တစ်ယောက်အတွက် …
နှစ်သိမ့်ဆု အဖြစ်…
အလွမ်းလေးတွေပေးခဲ့ဘို့တောင်မှ …
စဉ်းစားနေရက်သလား …
မမ စိမ်းရယ် …


နယုန်ထွန်း

အချစ်ဆိုတာ

posted under by နယုန်ထွန်း

အမုန်းပါပဲ..သူသုံးတဲ့အခါ
ငါ့ကောင်းကင်မှာ လမသာလို့ …
ညအမှောင်မှာပဲ ငါဆွေးနေတယ်…
ကဗျာမကြိုက်တဲ့ကောင်မလေးအတွက်
ကဗျာတွေသီကုံးလို့
ငါဆိုညည်းနေတဲ့သီချင်းတွေကတော့
သီချင်းနားမထောင်တဲ့ကောင်မလေးအတွက်ပါပဲ..
အပြုံးပါပဲ…သူမုန်းတဲ့ အခါ
သေလောက်အောင်ကြောက်ဘို့ကောင်းတယ်
ဒါပေမယ့်လည်း ရင်ကွဲလောက်အောင်ချစ်နေဆဲပါ …
ကြားဘူးခဲ့တယ် စကားတစ်ခွန်း
အချစ်ညီမျှခြင်း အချစ်တဲ့ …
ငါ့ရဲ့အချစ်ကတော့ 
အရှုံးကို အလွမ်းဆင့်မှ
နောင်တနဲ့ ကျန်ရစ်ခဲ့ရပါလား …
မင်းကိုလွမ်းတိုင်း ငါရင်ဖွင့်ရမယ့်သူ မရှိဘူးလေ…
ဒီတော့လည်း ကဗျာရေးမိတာက
စိတ်ကူးယဉ်လို့ မဟုတ်ပဲ သိပ်ရူးချင်လို့ ရေးမိတာပါ…
စိတ်ကူးမယဉ်ပေမယ့် စိတ်ကူးလဲ မရိုင်းပါဘူး …
အော်…… အချစ်…အချစ်… အချစ်..
ငါက..အ.လို့ ချစ်မိခဲ့တာများလား …. ?

နယုန်ထွန်း

မိုးညနဲ့ မဆုံနိုင်တဲ့ ကြယ်စုံည

posted under by နယုန်ထွန်း

မ...
ညတစ်ညဟာ မိုး.ည ဆိုရင် မ.အရမ်းပျော်တယ်..ကွ
မိုးတွေကလေ သွပ်မိုးပေါ်ကျနေတဲ့ အသံက သံစုံတီးဝိုင်းက ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်း
လေးတွေကို ကြားနေရသလိုပဲ … အဲလို အသံလေးတွေကို နားထောင်ပြီးရင်… မ.လေ ဘယ်လို
ဘယ်လို အိပ်ပျော်သွားမှန်းကို မသိတော့ဘူး … ပြီးတော့ မိုးသာရွာနေရင် မ.က အိပ်မက်ဆိုးတွေ
မမက်တတ်ဘူး … မ.ဆုတောင်းတာ မတရားမလားတော့ မသိဘူး …
ညတိုင်းအမြဲ မိုးတွေရွာပါစေလို့ ဆုတောင်းတယ်.ကွ…
နေ့ဘက်တွေရွာတယ်ဆိုရင်လဲ … မိုးရေချိုးပြီး ပြေးလိုက်လွှားလိုက်နဲ့ နေချင်တာ …
ကလေးလည်း မဟုတ်တော့ မသင့်တော်တော့ဘူးလေ… ဖြစ်နိုင်ရင် မိုးရွာထဲတော့
နည်းနည်း လမ်းလျှောက်လိုက်ချင်သေးတယ်… ကဗျာတွေ စာတွေ မရေးနဲ့ ကြားလား …
ကဗျာတွေ ရေးတာက စိတ်ကူးယဉ်သမားတွေ … သူတို့ က ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်ဘို့
ကျတော့ မဖြစ်နိုင်ဘူးလေ… မ.ပြောတာ ဘယ်လိုသဘောရလဲ …
ပြီးတော့ နယုန်က ဘယ်လိုညမျိုးကို သဘောကျလဲ … …. …..


နယုန်...
ကောင်းကင်မှာ ကြယ်တွေစုံနေရင် နယုန် အရမ်းသဘောကျတာပဲ … အဲဒီကြယ်တွေကို ကြည့်နေရရင်
နယုန် အရမ်းကြည်နူးတယ် … ငယ်ငယ်ကဆို အိမ်ထဲမှာ မအိပ်ပဲ အိမ်ရှေ့ ကွပ်ပျစ်ပေါ်ကနေ ကြယ်တွေကို
ကြည့်ပြီး အိပ်ပျော်သွားတတ်တယ် …ကောင်းကင်က ကြယ်ကြွေတာကို မြင်ရင် ဆုတောင်းတဲ့ … တောင်းတဲ့ ဆုတောင်းတိုင်း ပြည့်တတ်တယ်တဲ့ …ကျွန်တော်ကတော့ ကြယ်မကြွေပါစေနဲ့လို့ ပဲ..ဆုတောင်းတယ်..အဲဒီကြယ်လေးတွေကို သနားလို့ … အဲဒီကြယ်တွေကိုလည်း ချစ်တယ်…
ဘာလို့လဲ ဆိုတော့ မ.က အဲဒီကောင်းကင်က ကြယ်တာရာ နဲ့ တူတယ် …
နယုန်ကတော့ လမင်းကြီးပေါ့ … မ.ကိုအရမ်းချစ်ပေမယ့် … မ..ဘေးမှာက ကြယ်တွေ အများကြီးပဲ …
နယုန်ချစ်တဲ့ ကြယ်တာရာလေးကို အဝေးကပဲ ကြည့်ခွင့်ရမယ့် ဖိုးလမင်း ပေါ့ …
ဒါပေမယ့်လဲ ချစ်နေရရင် ကျေနပ်နေပါပြီ … အချစ်ပြန်ရမှ ချစ်မှာတို့ … ချစ်သင့်မှ ချစ်တာတို့ က အချစ်ရဲ့
အဓိပ္ပါယ် မဟုတ်ဘူး … နယုန်အတွက်ကတော့ အချစ်ဆိုတာ ချစ်နေဘို့ပဲ လို့ ထင်တယ်… မ.ကျွန်တော်ကို
ပြန်ချစ်သည် ဖြစ်စေ..ပြန်မချစ်သည် ဖြစ်စေ ကျွန်တော်က တော့ မ.ကို ချစ်နေတုန်းပဲ …
မ.ရဲ့ ဘ၀.က မိုးည ဖြစ်ပြီးတဲ့ နယုန်က ကြယ်စုံတဲ့ ည ဖြစ်နေတယ်…
ကြယ်စုံတဲ့ညမှာ မိုးမရွာသလို …
မိုးရွာတဲ့ ညမှာလည်း ကြယ်တွေ မရှိပါဘူး …ကောင်လေးရယ် …တဲ့လား .မ…ရယ် ….

နယုန်ထွန်း

အနွေးထည်လေး

posted under by နယုန်ထွန်း
ကျွန်တော်က မ.အတွက် အနွေးထည်လေး တစ်ထည်ပေါ့ ...
မ..တစ်ယောက် ဆန္ဒရှိရင် နွေးထွေးမှုတွေ လိုရင်
ကျွန်တော့်ကို လွှမ်းခြုံခွင့် ပေးပါ ...
တကယ်လို့သာ မ.က ကျွန်တော့်ရဲ့ နွေးထွေးမှုတွေ မလိုအပ်ပါဘူး ဆိုရင်လဲ
ဗွီရိုထဲ ခေါက်သိမ်းထားရင် ကျွန်တော် ငြိမ်ငြိမ်လေး နေပါ့မယ် ...
ဒါမှမဟုတ်ပဲ ရက်ရက်စက်စက် အမှိုက်တောင်းထဲ စွန့်ပစ်မယ် ဆိုရင်တောင်မှ .
ကျွန်တော် အနွေးထည်လေးက ဘာမှ ပြန်ပြောမှာ မဟုတ်ပါဘူး ... မ.ရယ် .......
ဒါပေမယ့် ကျွန်တော့်ရင်ထဲက တိုးတိုးလေး ဆုတောင်းနေမယ်...
မ.တစ်ယောက် ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်လည်း မ. ရဲ့ အနီးဆုံးနေရာမှာပဲ စွန့်ပစ်ပါလား...ဗျာ ...
ကျွန်တော်... မ.ကို အရမ်းချစ်တယ် ...
တစ်ဘ၀လုံးစာအတွက် တစ်ခွန်းတည်းသော စကားပါ ...
တစ်ယောက်တည်းသော .မ.အတွက်မို့
တစ်သက်လုံးပဲ မြိုသိပ်နေရင်တောင် ကျွန်တော် နောင်တ နည်းနည်းလေးမှ မရပါဘူး ... ...
ကျွန်တော့်ရင်ခုန်သံတွေကတော့ ပြောနေတယ်... တိုးတိုးလေးပါပဲ ... မ. ကို အရမ်းချစ်တယ်တဲ့ ...
မ... မကြားပါဘူးနော်.... .... ....
နယုန်ထွန်း

posted under by နယုန်ထွန်း
မ … မနေ့က မိုးရွာတယ်…
မ.ကို အရမ်းသတိရတာပဲ..
မ…. ဒီနေ့ နေပူ တယ်….
မ..ကို လွမ်းလိုက်တာ……..
မ…. မနက်ဖြန် အရမ်းအေးမယ်တဲ့ …
မ..ရယ် ဆွေးရဦးမှာပဲ..လား
ရာသီရယ်…နာရီ ရယ်ကို ဂရုမစိုက်တော့ပါဘူး …
အချိန်တိုင်းပဲ သတိရနေမယ် ဆိုရင် ..
ခွင့်လွှတ်ပေးပါတော့ နော်….
ကျွန်တော်ကသာ လွမ်းလိုက်ရတာမ.ရယ် …
သံယောဇဉ်တရား ဥပေက္ခာပြုထားပြီး ........
အမုန်းတွေကို အရောင်တင်မယ်ဆိုရင် .....
ရင်ထဲက ချစ်ခြင်းတွေက
ပျောက်ကွယ်သွားမှာတဲ့လား...မ.ရယ် ...။
နယုန်ထွန်း

သုံးရာသီ အလွမ်း

posted under by နယုန်ထွန်း
မြင်ခဲ့ဖူးတဲ့ ပန်းတိုင်းကို မနမ်းဖူးခဲ့ပေမယ့်
မကြင်ခဲ့ဖူးတဲ့ မ.. ကို လွမ်းဖူးပါသည် …
နမ်းခဲ့ဖူးတဲ့ပန်းကို သတိမရပေမယ့်
လွမ်းခဲ့ဖူးတဲ့ မ.. ကို ချစ်နေရပါသည် … … …
နွေရောက်လျှင်
ဥသြငိုမည်… ပိတောက်ပွင့်မည် ..
မိုးရောက်လျှင်
လေပြင်းတိုက်မည် … ပုန်းညက်ပွင့်မည် … ….
ဆောင်းရောက်လျှင်
သဇင်ပွင့်မည် … နှင်းကျမည် … ….
မိုး..ဆောင်း..နွေ ရာသီတိုင်းမှာတော့
မောင်လွမ်းနေမည် … လွမ်းဦးမည် … ….


နယုန်ထွန်း

လျှို့ဝှက်အလွမ်း ချစ်သူမဖတ်ရ

posted under by နယုန်ထွန်း
စာရေးဆရာတစ်ယောက်ရဲ့
ဖြစ်ရပ်တိုင်းဟာ ဇာတ်လမ်းပါ …
ကဗျာဆရာတစ်ယောက်ရဲ့
ခံစားချက်ဟာ ကဗျာတစ်ပုဒ်ပါ …
ဆယ်ကျော်သက်လေးရဲ့
ချစ်သူအပြုံးဟာ အားဆေးပါ …
ကို့အတွက်ကျတော့
ချစ်သူအမုန်းဟာ အလွမ်းဖြစ်စေခဲ့တယ် …
အလွမ်းတွေ ပြေကာပျောက်ဘို့
ဆယ်ကျော်သက်မဟုတ်တဲ့ ကိုက
ကို့ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို
ကဗျာဆရာလို မဖွဲ့တတ်ပေမယ့်
ကဗျာဆရာငိုအောင် ဖွဲ့လိုက်မိတယ်
ချစ်ရသူ မမြင်တွေ့ပါစေနဲ့ … … … ။
နယုန်ထွန်း

တစ်စက္ကန့်မျှ ချစ်ပါရစေ

posted under by နယုန်ထွန်း
မလွမ်းပဲ မုန်းသူ .. မင်း
မမုန်းပဲ လွမ်းသူ … ကို
မချစ်ပဲ ပစ်ခဲ့သူကိုတောင်
မပစ်ပဲ ချစ်နေဆဲပါ …
မင်းထားရင် နေခဲ့မယ်..
မင်းသနားရင် ကျေနပ်တယ်..
ဒါပေမယ့် ယောက်ျားတစ်ယောက် မို့
အခါတစ်ရာ မက ငိုခဲ့ဘူးရင်တောင်
တစ်ခါမှ မမြင်တွေ့စေရဘူး
ရင်အသည်းမှာ ကြေကွဲနေရင်တောင်
အပြင်ဘက်မှာ ရယ်လို့ နေမယ် ..
သခင့်မျက်လုံး သခင့်အပြုံးတွေကိုတော့
အိပ်မက်ထဲမှာ မြင်ယောင်ခွင့်ပေးပါ ..
မှန်သော အချစ် .တည်သော သစ္စာကြောင့်
တရံကအချစ် ပြန်ရဖြစ်ပါစေ ….
သံသရာမှာ ကျင်လည်ရင်လဲ
အပြန်တရာ ကြင်နာမြဲပါ ……
မုန်းမေ့မိမယ့် မမ ရယ် …
တစ်စက္ကန့်လောက် ချစ်ခွင့်ပေးပါတော့ … … …


နယုန်ထွန်း

ချစ်သော.. မမ

posted under by နယုန်ထွန်း

ကေသာတွင် စံပယ်ဆင်
ပါးပြင်တွင် သနပ်ခါး
ခါးသေးလို့ ရင်ချီ
လှပါသည် တကယ်ပါ..
မမြင်လျှင် မနေနိုင်လို့
နေ့တိုင်းပင် တွေ့ချင်လှသည်
မမ ရယ်နားလည်ပါ….
ဆိုးတော့ ဆိုးပါသည်
ကို့ချစ်သူ အပေါ်တွင်သာ
ဒါတွေကို သိခဲ့ရင်
စာနာကာ သနားလှည့်ပါ …
နေ့တွေမှာ ခြောက်သွေ့လွန်း
ညတာတွေ ရှည်လျားစွာ
ဖြတ်သန်းခဲ့ နှစ်များစွာ
ဘ၀မှာ ဒီတစ်ခါ အပျော်ဆုံး
မော်မဆုံးနဲ့ ကြည်နူးခဲ့သူပါ
နှစ်သိမ့်ကာ အကြင်နာ ပေးပြီး
ရှောင်ကာလေ ဝေးဝေးပြေးတော့
မတားလို ထားလိုက ထားခဲ့ပါ
ထာဝရ ရှောင်ပြေးသူကို
တစ်ခါက မောင်အရေးမယူပါဘူး
နာရီရွေ့ သမျှ ချစ်နေမည်
ကမ္ဘာတည်သ၍မျှလည်း လွမ်းနေမည်
မ..နာမည် အက္ခရာကို
အသည်းထက်မှာ ကမ္ဗည်း ထိုးလို့
သေရင်တေင် မပျက်အောင်လို့
နှလုံးသားကို ဆေးရည်စိမ်ထားပါ့မယ်. …
ချစ်ရဲတော့ လွမ်းရဲပါသည်
ချစ်နေသမျှ လွမ်းနေရပါသည် ….
သြော် … ချစ်သော မမ .. ချစ်မမ ရယ် ♥ ♥ ♥

နယုန်ထွန်း

…သံန္နိဋ္ဌာန်….

posted under by နယုန်ထွန်း
ငါသည် ယောက်ျား
ငါ့အား ငါ့မာန်
ငါ့သန္တန်တွင်
ဘ၀လှိုင်းကြမ်း ဘယ်လိုပမ်းလည်း
ကမ်းဆုံးသို့တိုင် ငါကူးနိုင်မည် … … ….၊။ ။ ။
ကန္တာရလမ်း ဘယ်လိုကြမ်းလည်း
အနွမ်းမဖက် ငါလျှောက်ခဲ့သည်
မျှော်လင့်ခြင်းကင်း လရောင်မလင်းလည်း
မှောင်ထဲတိုးဝင် ခရီးနှင်မည် … … … ၊။ ။ ။
တောင်ရံအမြင့် နှစ်ဆင့် ဧ၀ရတ်
မတ်စောက်လျက်လည်း
မကြောက်မရွံ့ နောက်မတွန့်ခဲ့
ဖ၀ါးအောက်တွင် သင်ရှိမည်သာ… … …. ၊ ။ ။
အောင်မြင်ခြင်းကင်း ကျဆုံးခြင်းသာ
ငါပိုင်ဆိုင်လည်း
နောက်ဆုံးထွက်သက် နောက်ဆုံးရက်အထိ
နောက်ဆုံးအပြုံး ငါပြုံးနေမည်
ငါနှင့်ငါသာ ကိုးကွယ်ရာ … …. …. ၊။ ။ ။


နယုန်ထွန်း

မပူသော နေ .. မအေးသော နှင်း

posted under by နယုန်ထွန်း

နေက ပူတယ်.... နှင်းက အေးတယ်.. ဒါပေမယ့် .

အမှန်တက်ယတော့ နေဆိုတာ ပူတယ်..နှင်းဆိုတာ အေးတယ်ဆိုတာ မှန်ကန်တဲ့ နိယာမ တရားတွေပါ .. ကျွန်တော့်အတွက်ကျတော့ နှင်းက ပူလွန်းတယ်..
နယုန်ထွန်း

အလွမ်းမမ ပန်းမမ

posted under by နယုန်ထွန်း

အလွမ်းနှင့် ထားရက်သော .. ပန်းကလေး သမျှလှရက်သော

လွမ်းလို့ မသေပေမယ့် .. သေလောက်အောင် လွမ်းခဲ့ဘူးပါသည် .. ၀န်ခံပါတယ် သိပ်ချစ်တယ် ဆိုတာ ..

အလွမ်း နဲ့လူ

posted under by နယုန်ထွန်း

နယုန်ထွန်း

ပြန်လည်မွေးဖွားခြင်း

posted under by နယုန်ထွန်း
စကားလုံးမဲ့ နှုတ်ခမ်းဖျား … … .
ချည်နှောင်ခြင်းကင်းသော သံယောဇဉ် …
အလွမ်းမရှိ ရင်ခွင်… … ..
အချစ်မသိ နှလုံးသား … …
အပြစ်မရှိ အပြုံးများနဲ့ … …
ခပ်ရိုးရိုးလူသား တစ်ဦးအဖြစ် ပြန်လည်မွေးဖွားပါရစေ… ချစ်သူ….
….နယုန်ထွန်း….

♥ ပြုံးတာ မုန်းလို့မဟုတ်ပါ ♥

posted under by နယုန်ထွန်း
နေ့တိုင်း နေ့စဉ်ငါတွေ့မြင် မိ
ကြင်သူ သက်ထားချစ်သူအား
ငါကချစ်ရ.လွမ်းရမိသလောက်
သူကား ရက်စက်.စိမ်းကားရက်၏ ..
သူပေးရက်အမုန်းငါဆုံးရှုံးလည်း
မျက်နှာညိုလျှင်.မင်းငြိုငြင်မှာမို့ ..
ခပ်ပြုံးပြုံးလေး နေပါ့မယ်..........
♥ နယုန်ထွန်း ♥

အချစ်အမျိုးမျိုး

posted under by နယုန်ထွန်း
ဖြူစင်သန့်ရှင်း ရင်နှင့်ရင်း၍
ချစ်မိအချစ် ငါးရာနှစ်ဆယ့်ရှစ် (၅၂၈)
ဒီထက်ထပ်ပို ချစ်ခဲ့ဆိုလည်း
ဖောက်ပြားမပါ ထောင့်ငါးရာ (၁၅၀၀)
အသည်းထဲက စွဲမြဲချစ်မိ
အဆိုးမပါ အလွန်ဆက်ချစ်တော့
ကိုးရာခုနှစ်ဆယ့်နှစ်ပေါ့ (၉၇၂)
နောင်ဘ၀ ဆက်တိုင်းကို
မေနဲ့သာ အမြဲနေလိုတဲ့
အမောင်ဆယ်သက်ချစ်မှာ
နှစ်ထောင်နှစ်ဆယ့်ရှစ် အချစ်ပါ (၂၀၂၈)
……နယုန်ထွန်း…..

အနှိုင်းမဲ့ အချစ်

posted under by နယုန်ထွန်း
မှောင်တစ်ခါ လင်းတစ်လှည့်
ဖြစ်ပျက်နေတဲ့ လရောင်တို့နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က .
မင်းဘ၀အတွက် ထာဝရလင်းလက်နေမှာပါ… … ….
စီးဆင်းလိုက် ခြောက်ခမ်းလိုက်
ဖြစ်ပျက်နေတဲ့ စမ်းရေတို့ နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ထာဝရ အေးမြနေမှာပါ… …. ….
ပေါ်ထွက်လိုက် ပျောက်သွားလိုက်
နေ့တစ်နေ့ရဲ့ နေရောင်တို့နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက်ထာဝရ ရဲရင့်စေမှာပါ… …
ပျက်စီးလိုက် ပြင်ဆင်လိုက်
ဖြစ်ပျက်နေတဲ့ စံအိမ်တို့နဲ့ ခိုင်းနှိုင်းလို့ မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ထာဝရ ခိုလုံရာ ရင်ခွင်တစ်ခုပါ… … …
ရွာသွန်းလိုက် တိတ်သွားလိုက်
အစိုးမရတဲ့ မိုးရေတို့နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ထာဝရ ပျော်ရွှင်စေမှာပါ… … …
တေးဆိုလိုက် ပြေးငိုလိုက်နဲ့
နံနက်ခင်းရဲ့ ငှက်ကျေးတို့ရဲ့ အသံနဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ကြည်နူးစရာ တေးသီချင်းတစ်ပုဒ်ပါ.. … …


နယုန်ထွန်း

မေ (သို့မဟုတ်) နွေ

posted under by နယုန်ထွန်း
နွေ..သည် သစ်ရွက်ကို ကြွေစေသည်
မေ...သည် အချစ်ရက်ကို ရှည်စေသည်
ပြုံးလျက် ငိုနေရမယ့်...
အမုန်းရက်တော့ အလိုမရှိပါဘူး
မျက်ရည်ကို အရမ်းမုန်းလို့ပါ ... ... ....
ဆုတောင်းတိုင်းသာ ပြည့်ခဲ့ပါက
ချစ်သောမေနှင့် မုန်းသောမျက်ရည်
ဘယ်သောခါမှ အတူမရှိပါစေနဲ့ ... ... ...
မျက်ရည်ကို အရမ်းမုန်းပေမယ့်
မေ့အတွက်ကျတဲ့မျက်ရည်ကိုတော့
မမုန်းရက်နိုင် အပြုံးယှက်လှိုင် လို့
ဆုံးဘ၀တိုင်...ခွင့်လွှတ်ရင်းနဲ့ မြတ်နိုးနေမယ် ... ... ..


နယုန်ထွန်း

အချစ်နှုတ်ခမ်း... အချစ်ပန်း

posted under by နယုန်ထွန်း
လှလို့ပဲ ဆင်ဆင်
နွမ်းလို့ပဲ ပစ်ပစ်
လွမ်းလို့ပဲ ကြည့်ကြည့်
အပင်မှာပဲ ပွင့်ပွင့်
ဖြစ်ဖြစ်သမျှ ပန်းအားလုံးသည်
ကို့ရဲ့ကိုယ်စား နှုတ်ခမ်းပါးအဖြစ်
ချစ်သူထံပါး ချစ်သူနားမှာ
အလွမ်းကဗျာ ရွတ်လို့
အချစ်အကြောင်းတွေပဲ
ပြောပြပေးပါလားကွယ် ... ... ...

နယုန်ထွန်း

ချစ်သည်...ထို့ကြောင့် မုန်းသည်

posted under by နယုန်ထွန်း
ချစ်ရမှာကို မုန်းသည်
မုန်းရတာကို ကြိုက်သည်
ကြိုက်ရမည်ကို ကြောက်သည်
ထို့ကြောင့် မုန်းချင်လျက်နဲ့ ချစ်နေရသည် ... ... ...

နယုန်ထွန်း

ဆန္ဒ

posted under by နယုန်ထွန်း
အခြေအနေသာ ပေးမယ်ဆိုရင်
ချစ်သူနဲ့ ပျော်လျက်နေတဲ့
စွယ်တော်ရွက်တွေ ဖြစ်ချင်တယ် ..
အခြေအနေသာ ပေးမယ်ဆိုရင်
ချစ်သူအတွက်
အမုန်းများ မပိုင်ချင်တဲ့
နှလုံးသား ပိုင်ရှင်ပဲ ဖြစ်ချင်တယ် ..
အခြေအနေသာ ပေးမယ်ဆိုရင်
ချစ်သူတစ်ယောက်တည်း ကိုသာ မြင်တဲ့
မျက်ဝန်းတစ်စုံကိုသာ ပိုင်ဆိုင်ချင်တယ် ... ... ...

နယုန်ထွန်း

... ချစ်သူစာနာ ငါ့ရဲ့ကဗျာ...

posted under by နယုန်ထွန်း
နှလုံးသားထံ ချစ်ခြင်းပြည့်လျှံလည်း
ဖွင့်ဟမရဲ သတ္တိနည်းခဲ့
နှလုံးသားမှ စကားလုံးများက
ဝေဒနာမအေး ရင်ဝယ်လေးသောအခါ
ငါ၏လက်ရုံး ငါ့အသည်းနှလုံးဖြစ်ကာ
မနေသာရ်ျ ကြေညာမိသော
ကဗျာများအဖြစ် သီကုံးမိ၏ ...
ငါ၏စာနှင့် ငါ့ကဗျာသည်
အများမကြည်ကာ ဟားရယ်ပါစေ
ငါ့ချစ်သူနှင့် ငါ့ကိုချစ်သောသူအတွက်သာ
နားလည်နိုင်သော ကဗျာတစ်ပုဒ် ဖြစ်စေသတည်း ... ... ...



နယုန်ထွန်း

.. မုန်းတတ်သူတွေ အသက်ရှည်ပါစေ ...

posted under by နယုန်ထွန်း
အမုန်းနဲ့အတူ မွေးဖွားခဲ့ပြီး
အချစ်မရှိတဲ့ အရပ်မှာ ကြီးပြင်းခဲ့တယ်
စကားစပြောတတ်တော့ မေမေမခေါ်ပဲ
မုန်းတယ် မုန်းတယ် လို့ပဲစပြောတတ်တယ်
အသည်းနှလုံးကို
ချက်ကြိုးနဲ့အတူ မြေမြှုပ်ခဲ့တယ်
ကျောင်းတုန်းက အချစ်သင်ခန်းစာအချိန်ဆို
သစ္စာမရှိတဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းပြေးတယ်
ခုတော့ ဥပေက္ခာတရားကို သင်ကြားပေးတဲ့ တက္ကသိုလ်မှာ
အချစ်ပိုးတွေသတ်နိုင်တဲ့ဆေးကို လေ့လာနေတဲ့
မောင်လူမုန်း(တစ်စက္ကန့်မျှမချစ်တတ်သူ)

နယုန်ထွန်း

မျှော်နေမယ် ချစ်သူ

posted under by နယုန်ထွန်း
သစ်ရွက်ကိုခြွေ
လေရူးကိုစေလို့
နွေဦးဂိမာန် ရောက်ခဲ့ပြန်ပြီ
အကြောင်းကမဆုံ
တပေါင်းလကုန်လို့
တန်ခူးရောက်ကာ
ခါသင်္ကြန်မှာလည်း
အပျော်မရှိ သည်မောင်
ကြင်သူမနီး ရင်အပူမီးကို
ဘယ်သူကူလို့ အေးစေမှာလည်း ... ... ...
ချစ်သူပျောက်လျှင်
အော်ကာအသံပေး
လွမ်းတေးဖွဲ့ဆို ဥသြပျိုရယ်
ငါ့ကိုစာနာ သနားပါလျှင်
မင်းရဲ့တောင်ပံ မင်းရဲ့ အသံကို
ပုန်းရှောင်ချစ်သူ ပြန်လည်တွေ့နိုး
ကြိုးစားဖွေရှာ ငါ့နေရာမှာ
ခေတ္တအပ်နှင်း ပေးပါကွယ် ... ... ...
ညအမှောင်တိ လရောင်မရှိလည်း
လင်းရောင်မှိန်မှိန် ပိုးစိမ်းကောင်တွေ
ကူရှာပေးဘို့ စွမ်းကုန်လင်းပါ ... ... ...
ငါသာဖန်ဆင်း စွမ်းနိုင်ပါလျှင်
စကားပြောစေ ကြယ်ကလေးတွေ
တေးဆိုလမင်း ဖြစ်စေသတည်း
ငါ၏ချစ်စကား ကြယ်မှကြားလို့
ငါ၏လွမ်းသီချင်း လမင်းသီဆို
ငါ၏ချစ်ခြင်း ချစ်သူနားလည်
ချစ်ဦးမောင့်ထံ ပြန်လာကွယ် ... ... ...
နယုန်ထွန်း

... အမုန်းတရားကိုသာ နှလုံးသားမှ ကိုးကွယ်ပါ့မယ် ...

posted under by နယုန်ထွန်း
အသည်းနှလုံးကြေပေမယ့်
အမြဲပြုံးနေခဲ့တယ်..
ခံစားရသမျှကို
အမှန်တရားနဲ့သာ ဆိုလိုက်ချင်ပေမယ့်
လမင်းမျက်နှာ
ခဏမလင်းမှာကို စိုးတာမို့
ကဗျာမကျ စာမကတဲ့
အက္ခရာတွေသီကုံးလို့
သက်ညှာစွာ သခင်ပြုံးပါတော့ကွယ် ...
ရွှေသမင်မျက်လုံး
ဇင်ယော်တောင်မျက်ခုံးဆီက
သခင်သာ ပြုံးမယ်ဆိုရင်
အချစ်တရား အပြည့်နဲ့ နှလုံးသားကို
အပြစ်များမရှိပေမယ့်
မီးသဂြိုလ်လိုက်ပါ့မယ် ... ... ... သခင်


နယုန်ထွန်း
Crying or Very sad

posted under by နယုန်ထွန်း
This is my first page

top