မိုးညနဲ့ မဆုံနိုင်တဲ့ ကြယ်စုံည

posted under by နယုန်ထွန်း

မ...
ညတစ်ညဟာ မိုး.ည ဆိုရင် မ.အရမ်းပျော်တယ်..ကွ
မိုးတွေကလေ သွပ်မိုးပေါ်ကျနေတဲ့ အသံက သံစုံတီးဝိုင်းက ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်း
လေးတွေကို ကြားနေရသလိုပဲ … အဲလို အသံလေးတွေကို နားထောင်ပြီးရင်… မ.လေ ဘယ်လို
ဘယ်လို အိပ်ပျော်သွားမှန်းကို မသိတော့ဘူး … ပြီးတော့ မိုးသာရွာနေရင် မ.က အိပ်မက်ဆိုးတွေ
မမက်တတ်ဘူး … မ.ဆုတောင်းတာ မတရားမလားတော့ မသိဘူး …
ညတိုင်းအမြဲ မိုးတွေရွာပါစေလို့ ဆုတောင်းတယ်.ကွ…
နေ့ဘက်တွေရွာတယ်ဆိုရင်လဲ … မိုးရေချိုးပြီး ပြေးလိုက်လွှားလိုက်နဲ့ နေချင်တာ …
ကလေးလည်း မဟုတ်တော့ မသင့်တော်တော့ဘူးလေ… ဖြစ်နိုင်ရင် မိုးရွာထဲတော့
နည်းနည်း လမ်းလျှောက်လိုက်ချင်သေးတယ်… ကဗျာတွေ စာတွေ မရေးနဲ့ ကြားလား …
ကဗျာတွေ ရေးတာက စိတ်ကူးယဉ်သမားတွေ … သူတို့ က ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်ဘို့
ကျတော့ မဖြစ်နိုင်ဘူးလေ… မ.ပြောတာ ဘယ်လိုသဘောရလဲ …
ပြီးတော့ နယုန်က ဘယ်လိုညမျိုးကို သဘောကျလဲ … …. …..


နယုန်...
ကောင်းကင်မှာ ကြယ်တွေစုံနေရင် နယုန် အရမ်းသဘောကျတာပဲ … အဲဒီကြယ်တွေကို ကြည့်နေရရင်
နယုန် အရမ်းကြည်နူးတယ် … ငယ်ငယ်ကဆို အိမ်ထဲမှာ မအိပ်ပဲ အိမ်ရှေ့ ကွပ်ပျစ်ပေါ်ကနေ ကြယ်တွေကို
ကြည့်ပြီး အိပ်ပျော်သွားတတ်တယ် …ကောင်းကင်က ကြယ်ကြွေတာကို မြင်ရင် ဆုတောင်းတဲ့ … တောင်းတဲ့ ဆုတောင်းတိုင်း ပြည့်တတ်တယ်တဲ့ …ကျွန်တော်ကတော့ ကြယ်မကြွေပါစေနဲ့လို့ ပဲ..ဆုတောင်းတယ်..အဲဒီကြယ်လေးတွေကို သနားလို့ … အဲဒီကြယ်တွေကိုလည်း ချစ်တယ်…
ဘာလို့လဲ ဆိုတော့ မ.က အဲဒီကောင်းကင်က ကြယ်တာရာ နဲ့ တူတယ် …
နယုန်ကတော့ လမင်းကြီးပေါ့ … မ.ကိုအရမ်းချစ်ပေမယ့် … မ..ဘေးမှာက ကြယ်တွေ အများကြီးပဲ …
နယုန်ချစ်တဲ့ ကြယ်တာရာလေးကို အဝေးကပဲ ကြည့်ခွင့်ရမယ့် ဖိုးလမင်း ပေါ့ …
ဒါပေမယ့်လဲ ချစ်နေရရင် ကျေနပ်နေပါပြီ … အချစ်ပြန်ရမှ ချစ်မှာတို့ … ချစ်သင့်မှ ချစ်တာတို့ က အချစ်ရဲ့
အဓိပ္ပါယ် မဟုတ်ဘူး … နယုန်အတွက်ကတော့ အချစ်ဆိုတာ ချစ်နေဘို့ပဲ လို့ ထင်တယ်… မ.ကျွန်တော်ကို
ပြန်ချစ်သည် ဖြစ်စေ..ပြန်မချစ်သည် ဖြစ်စေ ကျွန်တော်က တော့ မ.ကို ချစ်နေတုန်းပဲ …
မ.ရဲ့ ဘ၀.က မိုးည ဖြစ်ပြီးတဲ့ နယုန်က ကြယ်စုံတဲ့ ည ဖြစ်နေတယ်…
ကြယ်စုံတဲ့ညမှာ မိုးမရွာသလို …
မိုးရွာတဲ့ ညမှာလည်း ကြယ်တွေ မရှိပါဘူး …ကောင်လေးရယ် …တဲ့လား .မ…ရယ် ….

နယုန်ထွန်း

0 မှတ်ချက်များ

Make A Comment
top