အချစ်ဆိုတာ

posted under by နယုန်ထွန်း

အမုန်းပါပဲ..သူသုံးတဲ့အခါ
ငါ့ကောင်းကင်မှာ လမသာလို့ …
ညအမှောင်မှာပဲ ငါဆွေးနေတယ်…
ကဗျာမကြိုက်တဲ့ကောင်မလေးအတွက်
ကဗျာတွေသီကုံးလို့
ငါဆိုညည်းနေတဲ့သီချင်းတွေကတော့
သီချင်းနားမထောင်တဲ့ကောင်မလေးအတွက်ပါပဲ..
အပြုံးပါပဲ…သူမုန်းတဲ့ အခါ
သေလောက်အောင်ကြောက်ဘို့ကောင်းတယ်
ဒါပေမယ့်လည်း ရင်ကွဲလောက်အောင်ချစ်နေဆဲပါ …
ကြားဘူးခဲ့တယ် စကားတစ်ခွန်း
အချစ်ညီမျှခြင်း အချစ်တဲ့ …
ငါ့ရဲ့အချစ်ကတော့ 
အရှုံးကို အလွမ်းဆင့်မှ
နောင်တနဲ့ ကျန်ရစ်ခဲ့ရပါလား …
မင်းကိုလွမ်းတိုင်း ငါရင်ဖွင့်ရမယ့်သူ မရှိဘူးလေ…
ဒီတော့လည်း ကဗျာရေးမိတာက
စိတ်ကူးယဉ်လို့ မဟုတ်ပဲ သိပ်ရူးချင်လို့ ရေးမိတာပါ…
စိတ်ကူးမယဉ်ပေမယ့် စိတ်ကူးလဲ မရိုင်းပါဘူး …
အော်…… အချစ်…အချစ်… အချစ်..
ငါက..အ.လို့ ချစ်မိခဲ့တာများလား …. ?

နယုန်ထွန်း

2 မှတ်ချက်များ

Make A Comment
top