လျှို့ဝှက်အလွမ်း ချစ်သူမဖတ်ရ

posted under by နယုန်ထွန်း
စာရေးဆရာတစ်ယောက်ရဲ့
ဖြစ်ရပ်တိုင်းဟာ ဇာတ်လမ်းပါ …
ကဗျာဆရာတစ်ယောက်ရဲ့
ခံစားချက်ဟာ ကဗျာတစ်ပုဒ်ပါ …
ဆယ်ကျော်သက်လေးရဲ့
ချစ်သူအပြုံးဟာ အားဆေးပါ …
ကို့အတွက်ကျတော့
ချစ်သူအမုန်းဟာ အလွမ်းဖြစ်စေခဲ့တယ် …
အလွမ်းတွေ ပြေကာပျောက်ဘို့
ဆယ်ကျော်သက်မဟုတ်တဲ့ ကိုက
ကို့ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို
ကဗျာဆရာလို မဖွဲ့တတ်ပေမယ့်
ကဗျာဆရာငိုအောင် ဖွဲ့လိုက်မိတယ်
ချစ်ရသူ မမြင်တွေ့ပါစေနဲ့ … … … ။
နယုန်ထွန်း

0 မှတ်ချက်များ

Make A Comment
top