ချစ်သော.. မမ
posted under
Poems
by နယုန်ထွန်း

ကေသာတွင် စံပယ်ဆင်
ပါးပြင်တွင် သနပ်ခါး
ခါးသေးလို့ ရင်ချီ
လှပါသည် တကယ်ပါ..
မမြင်လျှင် မနေနိုင်လို့
နေ့တိုင်းပင် တွေ့ချင်လှသည်
မမ ရယ်နားလည်ပါ….
ဆိုးတော့ ဆိုးပါသည်
ကို့ချစ်သူ အပေါ်တွင်သာ
ဒါတွေကို သိခဲ့ရင်
စာနာကာ သနားလှည့်ပါ …
နေ့တွေမှာ ခြောက်သွေ့လွန်း
ညတာတွေ ရှည်လျားစွာ
ဖြတ်သန်းခဲ့ နှစ်များစွာ
ဘ၀မှာ ဒီတစ်ခါ အပျော်ဆုံး
မော်မဆုံးနဲ့ ကြည်နူးခဲ့သူပါ
နှစ်သိမ့်ကာ အကြင်နာ ပေးပြီး
ရှောင်ကာလေ ဝေးဝေးပြေးတော့
မတားလို ထားလိုက ထားခဲ့ပါ
ထာဝရ ရှောင်ပြေးသူကို
တစ်ခါက မောင်အရေးမယူပါဘူး
နာရီရွေ့ သမျှ ချစ်နေမည်
ကမ္ဘာတည်သ၍မျှလည်း လွမ်းနေမည်
မ..နာမည် အက္ခရာကို
အသည်းထက်မှာ ကမ္ဗည်း ထိုးလို့
သေရင်တေင် မပျက်အောင်လို့
နှလုံးသားကို ဆေးရည်စိမ်ထားပါ့မယ်. …
ချစ်ရဲတော့ လွမ်းရဲပါသည်
ချစ်နေသမျှ လွမ်းနေရပါသည် ….
သြော် … ချစ်သော မမ .. ချစ်မမ ရယ် ♥ ♥ ♥
နယုန်ထွန်း
Comment Form under post in blogger/blogspot