အလွမ်းဆုလေး ပေးသနားပါ

posted under by နယုန်ထွန်း
မညာချင်ပေမယ့် ...
အမှန်အတိုင်းပြောဖို့ …
အခြေအနေတွေမှ မပေးခဲ့တော့လည်း …
မရိုးသားပေမယ့်…
ဆန်းပြားခွင့်လည်း မရခဲ့ရင် ...
မချစ်ရင်တောင်မှ မမုန်းလိုက်ပါနဲ့ ...
ပြိုင်ပွဲတိုင်း ရှုံးနိမ့်နေသူ…
တစ်ယောက်အတွက် …
နှစ်သိမ့်ဆု အဖြစ်…
အလွမ်းလေးတွေပေးခဲ့ဘို့တောင်မှ …
စဉ်းစားနေရက်သလား …
မမ စိမ်းရယ် …


နယုန်ထွန်း

2 မှတ်ချက်များ

Make A Comment
top