... အမုန်းတရားကိုသာ နှလုံးသားမှ ကိုးကွယ်ပါ့မယ် ...
posted under
Poems
by နယုန်ထွန်း

အသည်းနှလုံးကြေပေမယ့်
အမြဲပြုံးနေခဲ့တယ်..
ခံစားရသမျှကို
အမှန်တရားနဲ့သာ ဆိုလိုက်ချင်ပေမယ့်
လမင်းမျက်နှာ
ခဏမလင်းမှာကို စိုးတာမို့
ကဗျာမကျ စာမကတဲ့
အက္ခရာတွေသီကုံးလို့
သက်ညှာစွာ သခင်ပြုံးပါတော့ကွယ် ...
ရွှေသမင်မျက်လုံး
ဇင်ယော်တောင်မျက်ခုံးဆီက
သခင်သာ ပြုံးမယ်ဆိုရင်
အချစ်တရား အပြည့်နဲ့ နှလုံးသားကို
အပြစ်များမရှိပေမယ့်
မီးသဂြိုလ်လိုက်ပါ့မယ် ... ... ... သခင်
နယုန်ထွန်း

အမြဲပြုံးနေခဲ့တယ်..
ခံစားရသမျှကို
အမှန်တရားနဲ့သာ ဆိုလိုက်ချင်ပေမယ့်
လမင်းမျက်နှာ
ခဏမလင်းမှာကို စိုးတာမို့
ကဗျာမကျ စာမကတဲ့
အက္ခရာတွေသီကုံးလို့
သက်ညှာစွာ သခင်ပြုံးပါတော့ကွယ် ...
ရွှေသမင်မျက်လုံး
ဇင်ယော်တောင်မျက်ခုံးဆီက
သခင်သာ ပြုံးမယ်ဆိုရင်
အချစ်တရား အပြည့်နဲ့ နှလုံးသားကို
အပြစ်များမရှိပေမယ့်
မီးသဂြိုလ်လိုက်ပါ့မယ် ... ... ... သခင်
နယုန်ထွန်း

Comment Form under post in blogger/blogspot