မျှော်နေမယ် ချစ်သူ

posted under by နယုန်ထွန်း
သစ်ရွက်ကိုခြွေ
လေရူးကိုစေလို့
နွေဦးဂိမာန် ရောက်ခဲ့ပြန်ပြီ
အကြောင်းကမဆုံ
တပေါင်းလကုန်လို့
တန်ခူးရောက်ကာ
ခါသင်္ကြန်မှာလည်း
အပျော်မရှိ သည်မောင်
ကြင်သူမနီး ရင်အပူမီးကို
ဘယ်သူကူလို့ အေးစေမှာလည်း ... ... ...
ချစ်သူပျောက်လျှင်
အော်ကာအသံပေး
လွမ်းတေးဖွဲ့ဆို ဥသြပျိုရယ်
ငါ့ကိုစာနာ သနားပါလျှင်
မင်းရဲ့တောင်ပံ မင်းရဲ့ အသံကို
ပုန်းရှောင်ချစ်သူ ပြန်လည်တွေ့နိုး
ကြိုးစားဖွေရှာ ငါ့နေရာမှာ
ခေတ္တအပ်နှင်း ပေးပါကွယ် ... ... ...
ညအမှောင်တိ လရောင်မရှိလည်း
လင်းရောင်မှိန်မှိန် ပိုးစိမ်းကောင်တွေ
ကူရှာပေးဘို့ စွမ်းကုန်လင်းပါ ... ... ...
ငါသာဖန်ဆင်း စွမ်းနိုင်ပါလျှင်
စကားပြောစေ ကြယ်ကလေးတွေ
တေးဆိုလမင်း ဖြစ်စေသတည်း
ငါ၏ချစ်စကား ကြယ်မှကြားလို့
ငါ၏လွမ်းသီချင်း လမင်းသီဆို
ငါ၏ချစ်ခြင်း ချစ်သူနားလည်
ချစ်ဦးမောင့်ထံ ပြန်လာကွယ် ... ... ...
နယုန်ထွန်း

0 မှတ်ချက်များ

Make A Comment
top