.. မုန်းတတ်သူတွေ အသက်ရှည်ပါစေ ...
posted under
Poems
by နယုန်ထွန်း

အမုန်းနဲ့အတူ မွေးဖွားခဲ့ပြီး
အချစ်မရှိတဲ့ အရပ်မှာ ကြီးပြင်းခဲ့တယ်
စကားစပြောတတ်တော့ မေမေမခေါ်ပဲ
မုန်းတယ် မုန်းတယ် လို့ပဲစပြောတတ်တယ်
အသည်းနှလုံးကို
ချက်ကြိုးနဲ့အတူ မြေမြှုပ်ခဲ့တယ်
ကျောင်းတုန်းက အချစ်သင်ခန်းစာအချိန်ဆို
သစ္စာမရှိတဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းပြေးတယ်
ခုတော့ ဥပေက္ခာတရားကို သင်ကြားပေးတဲ့ တက္ကသိုလ်မှာ
အချစ်ပိုးတွေသတ်နိုင်တဲ့ဆေးကို လေ့လာနေတဲ့
မောင်လူမုန်း(တစ်စက္ကန့်မျှမချစ်တတ်သူ)
နယုန်ထွန်း
အချစ်မရှိတဲ့ အရပ်မှာ ကြီးပြင်းခဲ့တယ်
စကားစပြောတတ်တော့ မေမေမခေါ်ပဲ
မုန်းတယ် မုန်းတယ် လို့ပဲစပြောတတ်တယ်
အသည်းနှလုံးကို
ချက်ကြိုးနဲ့အတူ မြေမြှုပ်ခဲ့တယ်
ကျောင်းတုန်းက အချစ်သင်ခန်းစာအချိန်ဆို
သစ္စာမရှိတဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းပြေးတယ်
ခုတော့ ဥပေက္ခာတရားကို သင်ကြားပေးတဲ့ တက္ကသိုလ်မှာ
အချစ်ပိုးတွေသတ်နိုင်တဲ့ဆေးကို လေ့လာနေတဲ့
မောင်လူမုန်း(တစ်စက္ကန့်မျှမချစ်တတ်သူ)
နယုန်ထွန်း
Comment Form under post in blogger/blogspot