အနှိုင်းမဲ့ အချစ်

posted under by နယုန်ထွန်း
မှောင်တစ်ခါ လင်းတစ်လှည့်
ဖြစ်ပျက်နေတဲ့ လရောင်တို့နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က .
မင်းဘ၀အတွက် ထာဝရလင်းလက်နေမှာပါ… … ….
စီးဆင်းလိုက် ခြောက်ခမ်းလိုက်
ဖြစ်ပျက်နေတဲ့ စမ်းရေတို့ နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ထာဝရ အေးမြနေမှာပါ… …. ….
ပေါ်ထွက်လိုက် ပျောက်သွားလိုက်
နေ့တစ်နေ့ရဲ့ နေရောင်တို့နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက်ထာဝရ ရဲရင့်စေမှာပါ… …
ပျက်စီးလိုက် ပြင်ဆင်လိုက်
ဖြစ်ပျက်နေတဲ့ စံအိမ်တို့နဲ့ ခိုင်းနှိုင်းလို့ မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ထာဝရ ခိုလုံရာ ရင်ခွင်တစ်ခုပါ… … …
ရွာသွန်းလိုက် တိတ်သွားလိုက်
အစိုးမရတဲ့ မိုးရေတို့နဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ထာဝရ ပျော်ရွှင်စေမှာပါ… … …
တေးဆိုလိုက် ပြေးငိုလိုက်နဲ့
နံနက်ခင်းရဲ့ ငှက်ကျေးတို့ရဲ့ အသံနဲ့ ခိုင်းနှိုင်းလို့မရ
ကို့ရဲ့ အချစ်တို့က
မင်းဘ၀ အတွက် ကြည်နူးစရာ တေးသီချင်းတစ်ပုဒ်ပါ.. … …


နယုန်ထွန်း

0 မှတ်ချက်များ

Make A Comment
top