အချစ်အမျိုးမျိုး

posted under by နယုန်ထွန်း
ဖြူစင်သန့်ရှင်း ရင်နှင့်ရင်း၍
ချစ်မိအချစ် ငါးရာနှစ်ဆယ့်ရှစ် (၅၂၈)
ဒီထက်ထပ်ပို ချစ်ခဲ့ဆိုလည်း
ဖောက်ပြားမပါ ထောင့်ငါးရာ (၁၅၀၀)
အသည်းထဲက စွဲမြဲချစ်မိ
အဆိုးမပါ အလွန်ဆက်ချစ်တော့
ကိုးရာခုနှစ်ဆယ့်နှစ်ပေါ့ (၉၇၂)
နောင်ဘ၀ ဆက်တိုင်းကို
မေနဲ့သာ အမြဲနေလိုတဲ့
အမောင်ဆယ်သက်ချစ်မှာ
နှစ်ထောင်နှစ်ဆယ့်ရှစ် အချစ်ပါ (၂၀၂၈)
……နယုန်ထွန်း…..

1 မှတ်ချက်များ

Make A Comment
top